You Are Reading

0

သင်္ကြန်အလွမ်း

yelinn Friday 4 March 2016

ဒီအချိန်ဆိုရင် တိုင်းဌာနီမှာ
အတာနှစ်ကူး မြူးကြတော့မည်………။
သပြေခက်နှင့် ရေစင်ပက်ကာ
နှစ်ဟောင်းအညစ်အကြေး ဆေးကြောကြတော့မည်…….။
ပန်းပိတောက်ပွင့်ဖူး နှစ်ဦးကာလ
ကုသိုလ်ဒါနပြုကြတော့မည်……….။
သင်္ကြန်ဒိုးပတ် တူးပို့ ကကွက်
တွေးစဉ်ခါတိုင်း
စိတ်မှာမှန်းဆ လွမ်းမိရသည် ကိုယ့်တိုင်းပြည်ကို
(ရွှေပြည်ဌာန ဝေးသောကြောင့်)……………….။ ။
စောဇာလီ
(ဧပြီ ၂၀၁၁ ခုနှစ်)
Photo Credit : http://www.threeland.com/images/travel_news/news/thingyan-water-festival-

0 comments:

Post a Comment