You Are Reading

1

Online Trading အတွက် သိထားသင့်သော အချက် (၂၀)

yelinn Friday, 4 March 2016


၁။ ကိုယ့်အကြောင်း ကိုယ်နားလည်ခြင်း။ 

 

 Forex (FX) or Stock Market မှာ အကျိုးအမြတ်ရရန်အတွက် ဦးစွာ ဈေးကွက် သဘောတရားကို နားလည်ရန်လိုအပ်ပါတယ်။ ဈေးကွက်နဲ့ ပတ်သတ်ပြီး လေ့လာသင်ယူမှု့ များ အဆက်မပြတ် ရှိပါစေ။  ထိုထက် ဦးစွာ ကိုယ့်ကိုယ်ကို နားလည်ရန်လည်း အရေးကြီးပါတယ်။ ကိုယ်ရင်းနှီးမြူပ်နှံသော ငွေကြေးပမာဏသည် ကိုယ့်အတွက် ၀န်ထုတ်ဝန်ပိုး မဖြစ်ရန်လိုပြီး နေ့တိုင်း လတိုင်း နှစ်တိုင်း အတွက် မျှော်မှန်းသော ငွေကြေးအရှုံး အမြတ်ပမာဏ သတ်မှတ်ထားရန် လိုအပ်ပါတယ်။ ကိုယ်သတ်မှတ်ထားသည့် အတိုင်း တိတိကျကျလိုက်နာနိုင်ရန် ကြိုးစားပါ။

၂။ ရည်မှန်းချက်ထားပါ၊ အစီအစဉ်ချပါ၊ ထိုအတိုင်း လုပ်ဆောင်ပါ။

ငွေကြေး/စတော့ဈေးကွက်ထဲ စတင် ၀င်ရောက်တော့မည် ဆိုတာနဲ့ သင့်မှာ တိတိကျကျသတ်မှတ်ထားသော အချိန်အတိုင်းအတာ(timeframe) နဲ့ ဘယ်လိုလုပ်ဆောင်မယ် (working plan) တို့ကို စနစ်ကျစွာ သတ်မှတ်ထားရပါမယ်။ ဘာတွေက လုပ်ဆောင်မှု့ ကို ကျဆုံးစေလဲ။ အောင်မြင်မှု့ ကို ဘယ်လို သတ်မှတ်မလဲ။ စမ်းသပ်ကာလ ထားရှိသင့်ပြီး ယင်းကာလအတွင်း ဘာတွေက မှားယွင်းသော လုပ်ဆောင်ချက်များကို ဖြစ်ပေါ်စေသလဲ ဆိုတဲ့  အရေးကြီးသော သင်ယူမှု့ အတွေ့အကြုံကောင်းများကို မလွဲမသွေ ရရှိမှာပါ။ အချိန် ဘယ်လောက်ကြာကြာ ရောင်းမှားဝယ်မှားကြားမှာ ပိတ်မိနေနိုင်သလဲ၊ စီးပွားရေးလုပ်ငန်း တခုလိုလုပ်မှာလား၊ အပိုဝင်ငွေလောက်ပဲ လုပ်မှာလား စသဖြင့် သင်ကိုယ်သင် အပြန်အလှန် မေးဖြေသင့်သော အကြောင်းအရာများစွာ ရရှိမှာပါ။ ထိုအခါ ဈေးကွက် အရောင်အ၀ယ်များအတွက် စိတ်ရှည်စွာ ဘယ်လောက်ကြာကြာနေရန် လိုအပ် မလိုအပ်ဆိုတာကို ရှင်းရှင်းလင်းလင်း သိမြင်လာမှာ ဖြစ်ပြီး အကျိုးအမြတ် ရလဒ်ပေါ် ကောင်းစွာ အထောက်အကူပြု မှာဖြစ်ပါတယ်။

၃။ စတော့ပွဲစား ရွေးချယ်မှု့ မှန်ကန်ပါစေ။

စတော့ဈေးကွက်တွင် စတင်ဝင်ရောက်သူများမအတွက် အရေးအကြီးဆုံးမှာ စတော့ပွဲစား ရွေးချယ်မှု့ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပွဲစားတု ပွဲစားယောင်တွေက သင်၏ နေ့ရောညပါ ကြိုးစားအားထုတ်မှု့ များမှ ရရှိသော အကျိုးအမြတ်များကို အမှန်တကယ် ပြန်လည်ထုတ်ပေးနိုင်ခြင်း မရှိသောကြောင့် ဖြစ်ပါတယ်။ ထိုနည်းအတူ သင်၏ ကျွမ်းကျင်မှု့ အတိုင်းအတာ နှင့် လိုအပ်သော အရောင်းအ၀ယ်တိုင်း အတွက် ပွဲစားမှတွက်ချက်ပေးသော အချက်အလက်တိကျမှု့ တို့ ကလည်း ညီတူညီမျှ အရေးကြီပါတယ်။ ဘယ်ပွဲစားက သင့် ရည်မှန်းချက်ကို ပြည့်စေပလဲ၊ ဘယ် trading software က သင်နဲ့ ကိုက်ညီမလဲ၊ ၀န်ဆောင်မှု့ ကကော ဘယ်လောက်ထိရောက်မှု့ ရှိမလဲ ဆိုတာတွေကို သေသေချာချာ စီစစ်ကာ ရွေးချယ်ရန်လိုအပ်ပါတယ်။ ပွဲစားတွေကို လေ့လာချင်တယ်ဆိုရင်တော့ ဒီလင့်http://www.forexfraud.com/forex-broker-reviews.html ကနေ သွားကြည့်နိုင်ပါတယ်။
ရေးသူ-Mr.Forex
ဆက်လက်ဖော်ပြသွားပါမယ်......

1 comments:

Blogger said...

Hello Everybody,

I've attached a list of the highest ranking forex brokers:
1. Most Recommended Forex Broker
2. eToro - $50 minimum deposit.

Here is a list of the best forex tools:
1. ForexTrendy - Recommended Odds Software.
2. EA Builder - Custom Strategies Autotrading.
3. Fast FX Profit - Secret Forex Strategy.

I hope you find these lists helpful...

Post a Comment