Showing posts with label Trading အကြောင်း. Show all posts
Showing posts with label Trading အကြောင်း. Show all posts
1

Online Trading အတွက် သိထားသင့်သော အချက် (၂၀)

yelinn Friday, 4 March 2016


၁။ ကိုယ့်အကြောင်း ကိုယ်နားလည်ခြင်း။ 

 

 Forex (FX) or Stock Market မှာ အကျိုးအမြတ်ရရန်အတွက် ဦးစွာ ဈေးကွက် သဘောတရားကို နားလည်ရန်လိုအပ်ပါတယ်။ ဈေးကွက်နဲ့ ပတ်သတ်ပြီး လေ့လာသင်ယူမှု့ များ အဆက်မပြတ် ရှိပါစေ။  ထိုထက် ဦးစွာ ကိုယ့်ကိုယ်ကို နားလည်ရန်လည်း အရေးကြီးပါတယ်။ ကိုယ်ရင်းနှီးမြူပ်နှံသော ငွေကြေးပမာဏသည် ကိုယ့်အတွက် ၀န်ထုတ်ဝန်ပိုး မဖြစ်ရန်လိုပြီး နေ့တိုင်း လတိုင်း နှစ်တိုင်း အတွက် မျှော်မှန်းသော ငွေကြေးအရှုံး အမြတ်ပမာဏ သတ်မှတ်ထားရန် လိုအပ်ပါတယ်။ ကိုယ်သတ်မှတ်ထားသည့် အတိုင်း တိတိကျကျလိုက်နာနိုင်ရန် ကြိုးစားပါ။
2

Online Trading ဆိုတာ

Online Trading ဆိုတာ အင်တာနက်ကို အသုံးပြူ ပြီး အရောင်းအ၀ယ်ပြုလုပ်ခြင်းပါ။ ဈေးနဲနေချိန်မှာ ၀ယ်ယူပြီး ဈေးတက်ချိန်မှာ အချိန်နဲ့  တပြေးညီရောင်းထုတ်ကာ အမြတ်ရယူခြင်းဖြစ်ပါတယ်။ Online Trading Market ထဲမှာ Stock Trading နဲ့  Forex Trading တို့ လဲပါဝင်ပါတယ်။ လူအများ ရောထွေး အမှတ်မှားတတ်သော market ၂ခုပါ။
၁။ Stock Trading ဆိုတာ့  Stock Share (သို့) ကုမ္ပဏီ ရှယ်ယာ တွေကို Broker (ခေါ်) ရှယ်ယာ ပွဲစားမှ တဆင့် ၀ယ်ရောင်း လုပ်ေ်ပးခြင်း ဖြစ်ပြီး တနေ့ ကို ၇နာရီခန့် သာ ဈေးကွက်ဖွင့်ပေး လေ့ရှိပါတယ်။ ရေရှည် ရင်းနှီးမှု့အတွက် ပိုမိုတွက်ခြေကိုက်ပါတယ်။ ၊ Stock market မှာ ရင်းနှီးမြှုပ်နှံရန်အတွက် Brokerage account တခုဖွင့်ဖို့  Broker တွေအပေါ်မူတည်ပြီး အနိမ့်ဆုံး ဒေါ်လာ ၂၀၀၀ မှ ၄၀၀၀ အထိသတ်မှတ်ထားလေ့ရှိကြပါတယ်၊၊
၂။ FX (သို့ ) Forex Trading ကတော့ နိုင်ငံခြားငွေ ၀ယ်ရောင်းလုပ်ခြင်းပါ။ ပွဲစားမလိုပဲ တနင်္လာနေ့ မှ သောကြာနေ့ထိ ၅ရက်လုံး ၂၄နာရီ ၀ယ်ရောင်းလုပ်လို့ ရပါတယ်။ Day Trading အမျိုး အစားဖြစ်ပြီး နေ့ချင်းပြီး အရောင်းအ၀ယ်လုပ်ကာ အမြတ်ရယူကြလေ့ရှိပါတယ်။Forex market မှာ trading လုပ်ရန်အတွက် account တခုဖွင့်ဖို့  အနိမ့်ဆုံး၅၀ ဒေါ်လာလောက်နဲ့ တောင်မှ စတင် ရောင်းဝယ်ပြုလုပ်နိုင်ကြပါတယ်၊၊
ဒီ page လေးက Forex Trading ကိုပဲ အလေးပေးရေးသား သွားမှာ ဖြစ်ပါတယ်။
3

Trading ငွေကြေး စီမံခန့်ခွဲမှုဆိုင်ရာ အကြံပြုချက် ငါးချက်


Safeguards တွေ မရှိပဲ Forex market ကို trade လုပ်ခြင်းသည် လေထီးခုန်သမား တစ်ယောက်ဟာ လေထီး မပါပဲ ကောင်းကင်ယံ လေယာဉ်ပေါ်မှ ခုန်ချသကဲ့သို့ ဖြစ်နေပေလိမ့်မည်။ Trading အကြောင်း လုံလုံလောက်လောက် မလေ့လာ ထားသော သူ ဟာ ငွေကြေး စီမံခန့်ခွဲမှု နည်းစနစ်တွေ ကို သူတို့ရဲ့ trading plan ထဲသို့ အတူတကွ ကောင်းစွာ ပေါင်းစပ်သင့်ပေသည်။
အောင်မြင်နေသော Trader အားလုံးနီးပါး ဟာ .. သူတို့ရဲ့ ပုံမှန် Trading plan နှင့် Trade လုပ်တဲ့ အချိန်တိုင်း မှာ ငွေကြေး စီမံခန့်ခွဲ ခြင်း နည်းဗျူဟာ တစ်ခုကို အသုံးပြုကြပါတယ် ။ ပြီးတော့ သူတို့ဟာ သူတို့ရဲ့ Account တွေ ကြီးကြီးမားမား ကျရှုံးဖူးတဲ့ အတွေ့အကြုံ ရှိခဲ့တယ် ဆိုရင်တော့ ဒါဟာ ပိုပြီးတော့ money management strategy ကို အသုံးပြုမှာ ဖြစ်နိုင်ပါတယ်..။