You Are Reading

3

Trading ငွေကြေး စီမံခန့်ခွဲမှုဆိုင်ရာ အကြံပြုချက် ငါးချက်

yelinn Friday, 4 March 2016

Safeguards တွေ မရှိပဲ Forex market ကို trade လုပ်ခြင်းသည် လေထီးခုန်သမား တစ်ယောက်ဟာ လေထီး မပါပဲ ကောင်းကင်ယံ လေယာဉ်ပေါ်မှ ခုန်ချသကဲ့သို့ ဖြစ်နေပေလိမ့်မည်။ Trading အကြောင်း လုံလုံလောက်လောက် မလေ့လာ ထားသော သူ ဟာ ငွေကြေး စီမံခန့်ခွဲမှု နည်းစနစ်တွေ ကို သူတို့ရဲ့ trading plan ထဲသို့ အတူတကွ ကောင်းစွာ ပေါင်းစပ်သင့်ပေသည်။
အောင်မြင်နေသော Trader အားလုံးနီးပါး ဟာ .. သူတို့ရဲ့ ပုံမှန် Trading plan နှင့် Trade လုပ်တဲ့ အချိန်တိုင်း မှာ ငွေကြေး စီမံခန့်ခွဲ ခြင်း နည်းဗျူဟာ တစ်ခုကို အသုံးပြုကြပါတယ် ။ ပြီးတော့ သူတို့ဟာ သူတို့ရဲ့ Account တွေ ကြီးကြီးမားမား ကျရှုံးဖူးတဲ့ အတွေ့အကြုံ ရှိခဲ့တယ် ဆိုရင်တော့ ဒါဟာ ပိုပြီးတော့ money management strategy ကို အသုံးပြုမှာ ဖြစ်နိုင်ပါတယ်..။

အခြေခံအားဖြင့်ပြောရရင် Forex business ထဲမှာ ကြာရှည် ရပ်တည်နေနိုင်ရန် ကျွန်တော်တို့ရဲ့ အကောင့်ကို ကာကွယ်ဖို့အတွက် safeguards တွေ ထားရှိခြင်းဟာ သမာရိုးကျ ထက်ကို ပိုမို ကောင်းမွန်ပါတယ်..။ Trading plan တစ်ခုသို့ အမှန်တကယ် ပေါင်းစပ်နိုင်တဲ့ ငွေကြေးစီမံခန့်ခွဲမှု အတွက် အချို့ သော ယေဘုယျ လမ်းညွန်ချက်တွေဟာ ဘာဆိုတာကို အောက်မှာ ဆက်လက် ဖော်ပြမှာ ဖြစ်ပါတယ်..။

Tip #1: မိမိ အဆုံးရှုံးခံနိုင်သော ငွေရင်းဖြင့်သာ Trade လုပ်ပါ..။
ငွေကြေးများစွာ ပါဝင်နေတဲ့ Trade လုပ်ခြင်း ဟာ ဆုံးရှုံးမှုများစွာ ကိုသယ်ဆောင်နေပါတယ်..။ ကိစ္စမရှိပါဘူး..။ ကျွန်တော်တို့ အဲ့ဒါကို ဘယ်လိုမြင်အောင် ကြည့်ရမလဲ ဆိုတာကို သိဖို့ပါပဲ..။ free-floating currency market ရဲ့ အကြောင်းပြချက် ကတော့ ငွေကြေး Trade လုပ်ခြင်းဟာ ရင်းနှီးမြုပ်နှံ ခြင်းထက် ပို၍ လောင်းကစား ဆန်ခြင်းသို့ အများအားဖြင့် ရောက်ရှိသွားခဲ့တဲ့ သူတွေ အတော်အတန် ရှိခဲ့ပါတယ်..။ အခုလည်း ရှိနေဆဲပါပဲ..။
အဖြေတစ်ခု အနေနဲ့ ဆုံးဖြတ်ရမယ် ဆိုရင် အလုပ်လုပ်နေသော Forex Trader တစ်ယောက်ဟာ ကိုယ့်ရဲ့ Funds တွေအားလုံးကို မိမိအရှုံး ခံနိုင်တဲ့ Risk ပမာဏ အဖြင့် အားလုံး ထားမယ်ဆိုတာကို ဘယ်တော့မှ မတွေးတော သင့်ပါဘူး ဆိုတာကိုပါပဲ..။ ဘာလို့လဲ ဆိုတော့ အဲ့ဒီ Funds ထဲမှာ အပေါင်စာချုပ် သို့မဟုတ် အိမ်လခ ဘောင်ချာ သို့မဟုတ် မင်း နဲ့ မင်းမိသားစု လိုအပ်ချက် အတွက် အစားအစာ မုန့်ဖိုးအပတ်စဉ် လိုအပ်ချက် ကဲ့သို့သော အဓိကကျတဲ့ အိမ် အသုံးစားရိတ် အတွက် လိုအပ်တဲ့ ငွေတွေ ပါဝင်နေပါတယ်..။
ယေဘုယျ အားဖြင့် Traders တွေဟာ risk capital အတွက် ခွဲခြားထားတဲ့ ရန်ပုံငွေ ကိုသာလျှင် Trading forex ကို ပိုမိုကောင်းမွန်စွာ ပြုလုပ်ရမှာ ဖြစ်ပါတယ်..။ Trading အတွက် သေသေချာချာ တွက်ထုတ်ထားတဲ့ ငွေတွေ ကိုသာ ဆိုလိုတာ ဖြစ်ပါတယ်..။ ဘ၀နေထိုင်မှုမှာ ပဓါန ကျသော အခြေခံ အတွက် ကျယ်ကျယ်ပြန့်ြ့ပန့် မလိုအပ်တဲ့ ငွေကြေးပမာဏ လည်း ဖြစ်ရပါ့မယ်..။
Tip #2: ဆုံးရှုံးနိုင်ခြေ ကို တိုတို နဲ့ ဖြတ်ပါ..။ အမြတ် ကိုဆက်လက်ထား ထား ပါစို့
စည်းကမ်းဥပဒေ နည်းလမ်း တစ်ခု အဖြင့် Stop loss တွေကို အသုံးပြုခြင်းအားဖြင့် ကျွန်တော်တို့ရဲ့ ဆုံးရှုံးနိုင်ခြေကို ထိန်းချုပ်ရန် အတွက် ကျွန်တော် တို့အနေနဲ့ ပထမဦးဆုံး ကြိုးပမ်းအားထုတ်သင့် တယ် ဆိုတာကတော့ အခြေခံကျတဲ့ စိတ်ကူး စိတ်သန်းပါပဲ..။
ဒုတိယ အားဖြင့် ကျွန်တော်တို့ မှာ winning position အတွင်းမှာ ရှိနေတယ် ဆိုရင် ကျွန်တော်တို့ရဲ့ အမြတ်တွေကို စုပုံလာစေရန် ခွင့်ပြုသင့်ပါတယ်..။ ဒီရည်ရွယ် ချက်အတွက် Trader တွေဟာ မကြာခဏ Trading stop တွေကို အသုံးပြုပါတယ်..။
ဒီ့အပြင် အမြှော် အမြင်ရှိတဲ့ Trader တစ်ယောက်ဟာ တစ်ကြိမ်တစ်ခါ ပြောခဲ့ဖူးပါတယ်..။ ဘာပြောခဲ့သလဲ ဆိုတော့ “ Trading မှာ မင်းဘာလုပ်ရမယ် ဆိုတာ မဟုတ်ပါဘူး..။ အမြတ်တွေဟာ သူတို့ဟာ သူတို့ ၀င်လာကြမှာ ဖြစ်ပါတယ်..။ ဒါဟာ အစစ်အမှန် ကိစ္စ တွေဆိုတော့ မင်းမရှုံးပါဘူး “ ဆိုတာပါပဲ..။

Tip #3: များပြားသော leverage ကို အသုံးပြုခြင်းကို ရှောင်ပါ
Forex ရဲ့ သဘာဝဟာ A vanue of exchange for currencies လိုပါပဲ..။ မူလ forex position ဟာ ငွေကြေး နှစ်ခုရဲ့ equal value exchange ပါပဲ..။ ဒါဟာ လူသုံးကုန် သို့မဟုတ် Stock တွေကို ၀ယ်ယူတာ နှင့် ရောင်းချတာ မဟုတ်တဲ့အတွက် ဘယ်လို အယူအဆမှာ ပဲဖြစ်ဖြစ် မူလ အစမှာ ငွေ မလိုအပ်သေးပါဘူး..။ သို့သော်လည်း အဲ့ဒီ ငွေအစား exchange rate တစ်ခုကို ကိုယ်စားပြုပါတယ်..။
Online forex brokers အများစု ဟာ သူတို့ရဲ့ ကာစတမ်မာ တွေကို 500:1 လောက်အထိ ကိုပင် Trade လုပ်နိုင်ဖို့ အတွက် သူ့ထက်ငါ ပိုကောင်းတဲ့ leverage ratios တွေနဲ့ကမ်းလှမ်းပါတယ်...။ ဒီအဓိပ္ပါယ် က ကျွန်တော်တို့ risk ထားနိုင်စွမ်းတဲ့ ဆုံးရှုံးနိုင်ခြေ ရှိမှု အကောင့် ထက်ကို ပိုမို၍ အဆ များပြားစွာ Trade လုပ်နိုင်သွားတာပါပဲ..။ ဆိုလိုတာကတော့ မိမိတို့ ရဲ့ အကောင့် ငွေ ပမာဏ ဟာ Trade လုပ်နိုင်တဲ့ ငွေပမာဏ မဟုတ်ပဲ Risk ထားနိုင်တဲ့ ပမဏ အနေနဲ့ Trading လုပ်နိုင်မှာ ဖြစ်ပါတယ်..။ အမြတ်ရတဲ့ လုပ်ငန်း အပေါ်မှာ leverage ရဲ့ ဆက်နွယ်မှု ဟာ အလွန့်အလွန် အမြတ်စွန်းထွက်နိုင်စဉ် မှာ လျှင်မြန်စွာပဲ ၄င်းဟာ မင်း အကောင့်ကို လည်းပဲ ရုတ်တရတ် ကုန်ဆုံးသွားတာကို ဖြစ်နိုင်ပါတယ်.။ ဒါဟာ forex မှ ထွက်သွားစေတဲ့ အကြောင်းအရာ တစ်ခုလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါသေးတယ် ..။ ( US မှာတော့ အမြင့်ဆုံး leverage ဟာ majors တွေ အတွက် 50:1 ဖြစ်ပြီးတော့ minors တွေ အတွက်တော့ 20:1 ဖြစ်ပါတယ်..။)
ဆုံးရှုံးနိုင်တဲ့ တန်ဖိုး ပမာဏကို မိမိစိတ်ထဲ မှာ ခိုင်ခိုင်မာမာ မူလကတည်းက သတ်မှတ်ထားတယ် ဆိုပါက Leverage ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်..။ သို့မှသာ ကျွန်တော်တို့ အတွက် ကြီးကြီးကျယ်ကျယ် ထိခိုက်နစ်နာ ခံစားရမှာ မဟုတ်ပါဘူး။ အကယ်၍ ကျွန်တော်တို့ ကိုယ်တိုင် ဈေးကွက်ရဲ့ မှားယွင်းတဲ့ side တစ်ဖက်မှာ ရှိနေတယ်ဆိုတာကို သိလိုက်ပြီ ဆိုလျှင် plan မထားရှိခြင်း တွေဟာ လျော့ကျသွားမှာ ဖြစ်ပါတယ်..။ forex traders အားလုံး နီးပါးဟာ ဒါမျိုးကို တစ်ကြိမ် သို့မဟုတ် ထိုထက်ပို၍ ဖြစ်ဖူးကြမှာ ဖြစ်ပါတယ်..။

Tip #4: ပူပင်သောက များခြင်းကို ရှောင်ပါ
ပူပင်ရတဲ့ အကြောင်းရင်းခံ က ဘာလဲ ဆိုတော့ ကျွန်တော်တို့ မှာ ဘယ်လိုပေးလာတဲ့ position ပေါ်မဆို ကျွန်တော်တို့ ယူဆခဲ့တဲ့ ဆုံးရှုံးမှု ပမာဏ နှင့် အတူ ခံစားနေတာ ဘယ်လိုသက်တောင့် သက်သာ ပါဝင်ပြီးတော့ trade ပြန်လုပ်မလဲ ဆိုတာကိုပါ။
အခြေခံအားဖြင့် ကျွန်တော်တို့ ရဲ့ forex trading positions တွေ ကြောင့် ကျွန်တော်တို့ ကိုယ်တိုင် စိုးရိမ်နေခဲ့မယ်..။ ညအခါ မအိပ်နိုင်ဘူး ဆိုရင် ကျွန်တော်တို့ဟာ အဲ့ဒီ အပူအပင်တွေကြောင့် ဆုံးဖြတ်ချက်များကို ဝေး၀ါး မှားယွင်းစွာ ချမိလိုက်တက်ပါတယ်..။
ဒါကြောင့်မို့ ကျွန်တော်တို့ဟာ မိမိတို့ အကောင့် Size အတွင်းမှာ ထိမ်းသိမ်းရလွယ်သော အရွယ် အစား ပမာဏကိုသာ Trade ပါလို့ ဆိုလိုပါတယ်.။ ဒါတွေနဲ့ အတူ feel comfortable ဖြစ်နိုင်တဲ့ အရွယ်အစား နှင့် position တွေသာ အသုံးပြုနိုင်ဖို့ ပေးတဲ့ အကြံပြုချက်များကို သတိပြုရမှာ ဖြစ်ပါတယ်..။

Tip #5: လောဘ မကြီးရ
လောဘကြီးတာ ကောင်းတယ် လို့ Gordon Gecko က ပြောတယ်..။ Ivan Boesky ပြီးတော့ တစ်ကြိမ် ပြုပြင်ခဲ့ပါတယ်.။ စိတ်ကူးယဉ် Trader ဟာ ပုံစံထုတ်ပါတယ်.။ အကောင်းဆုံး ငွေကြေး ဈေးကွက် ရုပ်ရှင် ထဲမှာပါ..။ Wall Street ပေါ့.။ Nevertheless သို့ပါသော်ငြားလည်း လောဘ ဟာ အောင်မြင်သော trader တစ်ယောက်ကို ကျရှုံးစေသော အကြောင်းရင်းများစွာကို ဖြစ်ပေါ်စေခဲ့ပါတယ်.။
အမှန်တကယ် ကတော့ လောဘဟာ ဆုံးရှုံးနိုင်ချေများတဲ့ trading errors တွေရဲ့ နံပါတ်တစ် နေရာသို့ ဦးဆောင်နေပါတယ်..။ အဲ့ဒီမှာ ပါဝင်တာကတော့ overtrading ဆိုတဲ့ လွန်ကဲစွာ trade လုပ်ခြင်း၊ ဆုံးရှုံးနိုင်ချေ risk ကို ပိုမို ရယူမိခြင်း နှင့် သင့်တော်သော level တွေမှာ အမြတ်ရယူရန် အားနည်းခြင်း တို့ပဲ ဖြစ်ပါတယ်..။
အကောင်းဆုံး နည်းလမ်းတွေ ထဲက တစ်ခုကတော့ ဒါဟာ မလွဲဧကန် ဖြစ်နေတဲ့ အချိန်မှာ လောဘနဲ့ အပေးအယူ မျှနေရပါမယ်..။ Trading Forex ပါဝင်မှုတွေ သင့်လျော်သော အစောင့် အရှောက် တွေနဲ့ အတူ ကျွန်တော်တို့ ရဲ့ Trading plan ထဲသို့ တည်ဆောက်ရမှာ ဖြစ်ပါတယ်..။
ကျွန်တော်တို့ရဲ့ trading plan ထဲမှာ အထက်ပါ အကြံပြုချက်များကို အသုံးပြုရမှာ ဖြစ်ပါတယ်..။

Credit to Goals, Achievements, Fx Notes

3 comments:

Blogger said...

Hello Everybody,

Below is a list of the most recommended FOREX brokers:
1. Best Forex Broker
2. eToro

I hope you find this list helpful.

Blogger said...

GPS robot tripled the $100k deposit [live proof authenticated]

I just finished a webinar with Mark and his partner, Antony, two days ago and it was AMAZING.

During the webinar MARK and ANTONY shared their tips to success and answered questions about their new version of the GPS Forex Robot that IS COMING OUT TODAY!

Blogger said...

ForexTrendy is a state of the art software capable of recognizing the safest continuation chart patterns. It scans through all the forex pairs, on all time frames and analyzes every possible breakout.

Post a Comment